A recruiter and a job seeker shaking hands in a bright office, with a golden pagoda and the Yangon skyline at sunset behind them.

Grow your career with us

JLPT N5 to N1

Japanese-language jobs in Yangon. Free for job seekers.

  • Free for job seekers.
  • Create your profile once, apply to many jobs.
  • You get an email at every step.

Featured jobs

View all jobs

Urgent jobs

View all jobs

How it works

  1. Create your free profile

    Add your details, your Japanese level and your CV.

  2. Apply to jobs

    Choose jobs that fit you and apply in a few taps.

  3. Get hired

    We contact you about interviews and keep you updated at each step.

What job seekers say

Hired through Jy Connect.

ကျွန်တော် လုပ်ချင်တဲ့ ဂျပန်စာနယ်ပယ်မှာ အလုပ်ရသွားလို့ လုပ်ငန်းရှင်ရော၊ Jy Connect ကိုပါ အထူးကျေးဇူးတင်ပါတယ်။ အရင်က ကိုယ်တိုင်ရှာတုန်းကတော့ Page တကာပတ်ရှာတာတောင် အင်တာဗျူးရဖို့ တော်တော်ကြာခဲ့ပါတယ်။ ကောင်မလေးက ပြောထားတာ ကြားဖူးလို့ Jy Connect ကို ရှာကြည့်ပြီး Hi လိုက်တာနဲ့ ဝန်ဆောင်မှုက တကယ်မြန်ပါတယ်။ CV form ဖြည့်ခိုင်းပြီး အဲဒီနေ့ ညနေပိုင်းမှာတင် အင်တာဗျူးဖို့ ရက်ချိန်းရခဲ့ပါတယ်။ အလုပ်ရတဲ့အထိ အချိန်သိပ်မကုန်လိုက်ပါဘူး။ ကိုယ်တိုင်ရှာနေတုန်းက အလုပ်ရဖို့ ကြာနေတာနဲ့တင် 'ဘာမှရှေ့ဆက်လို့မရတော့ဘူး' ဆိုတဲ့ ခံစားချက်မျိုး ခဏခဏ ဖြစ်ဖူးပါတယ်။ အခုတော့ Jy Connect ကြောင့် အဆင်ပြေသွားပါပြီ။ အလုပ်ရှာနေတဲ့သူတွေအတွက် အချိန်ကုန်သက်သာပြီး ထိရောက်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။

Aung M.

Hired · N3 Pass

ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်ကို Jy Connect ကနေပဲ ရှာတွေ့ခဲ့တာပါ။ အင်တာဗျူး မဝင်ခင်ကော ဝင်ပြီးနောက်ပိုင်းမှာလည်း စာကို သေချာလေးပို့ပေးတာအတွက်လည်း ကျေးဇူးတင်ပါတယ်။ Jy Connect ကနေပဲ အလုပ်လျှောက်ပြီး အလုပ်ရခဲ့တာပါ။

Phyo T.

Hired · N4 Pass

ရန်ကုန်မှာ အလုပ်တစ်ခု ရှာဖို့အတွက် အိမ်ထဲကနေ အိမ်ပြင်ထွက်စရာမလိုပဲ ဒီ page က အကိုကြီးဆီမှာ အခကြေးငွေ ပေးစရာမလိုပဲ အလုပ်ရှာလို့ရနေပြီနော်။ ရန်ကုန်ရောက်စက ကိုယ့်အရည်အချင်းနဲ့ ကိုက်တဲ့ အလုပ်မျိုးဆိုတာ မရခဲ့ဘူး။ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဖြစ်ခဲ့ရတယ်။ ဒီ page ကို စသိပြီးတဲ့နောက်မှာ ကံကောင်းခြင်းတွေ စတင်ပြီး ရရှိခဲ့ရပါတယ်။ ဒီ အကိုကြီး တင်ပေးတဲ့ အလုပ်ခေါ်စာတွေကို လိုက်ရှာပြီး ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခုကို သေချာရှာပြီး ဖောင်တင်ခဲ့ပါတယ်။ ဖောင်တင်ပြီး ၁ ရက်နေတော့ အင်တာဗျူး ဝင်ပြီး ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီတဲ့ အလုပ်နဲ့ လစာနဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခုကို ရရှိခဲ့ပါတယ်။ ဒီအကိုကြီးဆီမှာ အလုပ်တွေကို ယုံယုံကြည်ကြည်နဲ့ ဖောင်တင်လို့ရပါတယ်ဗျ highly recommend။ အစစ အရာရာအတွက် ကျေးဇူးပါ။

Sic P.

Hired · N3 Pass

ကိုယ်တိုင် အလုပ်တွေရှာနေရင်း ခေတ်ကာလ အခြေအနေကြောင့် ကိုယ်နဲ့ ကိုက်ညီတဲ့အလုပ်တွေ ရှာမတွေ့တဲ့အချိန် အလုပ်ရှာရ ခက်နေတဲ့ အချိန်မှာ Online ကနေ ဟိုဟို ဒီဒီလိုက်ရှာရင်း ဒီ page (Jy Connect) လေးကိုရှာတွေ့ခဲ့တယ်။ post တင်ပေးထားတဲ့ အလုပ်ခေါ်စာလေးထဲက ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်လေးကို လျှောက်ကြည့်တဲ့အခါ CV ဖောင်ဖြည့်ရတဲ့ အပိုင်းလေးကအစ အတော်ကို သဘောကျမိတယ်။ အလုပ်လျှောက်တဲ့ Google Form မှာ ကိုယ့်ရဲ့ information နဲ့ အရည်အချင်းတွေကို အသေချာ ချပြခွင့်ရခဲ့တယ်။ အင်တာဗျူးဝင်တဲ့နေ့မှာလဲ ကျွန်တော်ထင်ထားတဲ့ ပိုကောင်းတဲ့ လုပ်ငန်းခွင်ဖြစ်နေတော့ ပိုပြီး ပျော်မိတာပေါ့။ အင်တာဗျူးဖြေတဲ့နေ့မှာပဲ တစ်ခါထဲ အလုပ်ခန့်သွားတော့ တော်ရုံနဲ့ ရင်မခုန်တဲ့ ကိုယ်တောင် အပျော်တွေလွန် စိတ်တွေခုန်ပြီး ဂယောက်ဂယက်တွေ ဖြစ်လို့ အခုလို ကောင်းမွန်တဲ့အလုပ်ကို မိတ်ဆက်ပေးခဲ့တဲ့အတွက် Jy Connect ကို အရမ်းကို ကျေးဇူးတင်မိပါတယ်ဗျ။ အလုပ်ရှာနေတဲ့သူတွေအတွက်လဲ Jy Connect ကို highly recommend ပါဗျ ps. အတော်ကို သဘောကျလို့ Recommend ပေးတာပါဗျ ဘဝမှာ ပထမဦးဆုံး Review ရေးပေးဖူးတာပါ။

Htet A.

Hired · N2 Pass

ဘာဆက်လုပ်ရမှန်းမသိချိန် အသိတစ်ယောက်က ဒီ page လေးကိုဆက်သွယ်ကြည့်ပါလို့ပြောလိုက်ချိန်မှာ ချက်ချင်း Hi ပြီး ကိုယ်လိုချင်တဲ့ အလုပ် position လေးပြောလိုက်တာ Admin ကလည်း ချက်ချင်းဆိုသလို ဖောင်ဖြည့်ခိုင်းပြီး အလုပ်ခေါ်စာတစ်ခုလေးနဲ့မိတ်ဆက်ပေးခဲ့တယ်။ မထင်မှတ်တဲ့အခိုက်အတန့်နဲ့ မထင်မှတ်တဲ့အချိန်လေးမှာပဲ အလုပ်အင်တာဗျူးဝင်ရ First time မှာပဲ အလုပ်ရသွားခဲ့တယ်။ အလုပ်အင်တာဗျူးအတွက် ကြိုတင်ပြီးပြောပြတယ် အင်တာဗျူးမပြီးမချင်းအဆက်အသွယ်မပြတ် follow up လုပ်ပေးခဲ့တယ်။ ကျေးဇူးလည်းတင်မိပါတယ် ဒီထက်မကလည်းအောင်မြင်ပါစေ

Htet Myat A.

Hired · N3 Pass

အလုပ်ရှာရခက်ပြီး အခက်ခဲဖြစ်နေချိန်မှာ တကယ့်ကိုစေတနာပါပါနဲ့ ကူညီပေးခဲ့တဲ့အတွက် Jy Connect ကိုကျေးဇူးအထူးတင်ရှိပါတယ်။ အလုပ်ရှာနေတဲ့သူတွေအတွက် ယုံကြည် အားကိုးသင့်တဲ့ Agency ပါ။

Mya H.

Hired · N4 Pass

အလုပ်စလျှောက်တဲ့အချိန်ကနေစလို့ အလုပ်ရှင်နဲ့အင်တာဗျူးတဲ့အချိန်ထိ connection ကောင်းကောင်းနဲ့ စိတ်ရှည်လက်ရှည် ရှင်းပြပြောပြပေးတဲ့အတွက်ကျေးဇူးပါရှင့်။ ဒီထက်မကအများကြီးအောင်မြင်ကျော်ကြားလာပါစေ

Z U.

Hired · N3 Pass

စိတ်ရှည်ရှည်နဲ့အလုပ်ရှာပေးလို့ကျေးဇူးတင်ပါတယ်။ ဒီထက်မကအောင်မြင်ပါစေ

Aung L.

Hired · N3 Pass